တိတု/ဩဝါဒစာ
ရှင်ပေါလု/၏ နှုတ်ခွန်းဆက်/စကား
1
ဘုရားသခင်/၏ အစေအပါး/နှင့် ယေရှု/ခရစ်တော်/၏ တမန်တော်/ဖြစ်သော ကျွန်ုပ်/ပေါလု စာရေးလိုက်၏။ ဘုရားသခင်/သည် မိမိ/ရွေးကောက်သော/သူတို့/၏ ယုံကြည်ခြင်း/ကို ခိုင်မာ/စေရန်/နှင့် သမ္မာတရား/ကို ထို/သူတို့/သိရှိ/နားလည်/နိုင်စေရန် ကျွန်ုပ်/ကို စေလွှတ်တော်မူ၏။ ဤ/နည်း/ဖြင့် သူတို့/သည် ဘုရားတရား/ကိုင်းရှိုင်းသော/ဘဝ/ဖြင့် နေထိုင်/နိုင်ကြမည်။ 2 ထာဝရ/အသက်/ရ/ရန်လည်း သူတို့/မျှော်လင့်/နိုင်ကြမည်။ လိမ်လည်ခြင်း/နှင့် ကင်းစင်တော်မူသည့် ဘုရားသခင်/သည် ဤ/ထာဝရ/အသက်/ကို ပေး/ရန် ရှေးယခင်/မတိုင်မီ/ကပင် ကတိပြုတော်မူခဲ့၏။ 3 ဘုရားသခင်/သည် အချိန်တန်/သောအခါ လူ/၏/ဟောပြောခြင်း/နည်း/ဖြင့် တရားတော်/ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်/သည် ကယ်တင်ရှင်/ဘုရားသခင်/၏ အမိန့်တော်/ဖြင့် ဤ/တရားတော်/ကို ဟောပြော၏။
4 ကျွန်ုပ်/နှင့် ယုံကြည်ချက်/တူညီ/၍ ကျွန်ုပ်/၏ သား အရင်းအချာ/ကဲ့သို့ ဖြစ်သော တိတု/ထံသို့ ဤ/စာ/ကို ပို့လိုက်၏။
ကျွန်ုပ်တို့/၏ အဖ/ဘုရားသခင်/နှင့် ကယ်တင်ရှင်/ယေရှု/ခရစ်တော်/တို့/ထံမှ ကျေးဇူးတော်/နှင့် ငြိမ်းချမ်းခြင်း/သည် သင့်/အပေါ် သက်ရောက်ပါစေသော။
သင်းအုပ်/၏ အရည်အချင်းများ
5 သင့်/ကို ကရေတေ/ကျွန်း/၌ ကျွန်ုပ်/ချန်ထားခဲ့ရခြင်း/မှာ ကျွန်ုပ်/ညွှန်ကြား/ထားသည့်/အတိုင်း မပြီးဆုံး/သေးသော ကိစ္စများ/ကို စီမံဆောင်ရွက်/ရန်/နှင့် မြို့တိုင်း/တွင် သင်းအုပ်များ/ကို ခန့်ထား/စေရန် ဖြစ်၏။ 6 သင်းအုပ်တို့/သည် အပြစ်ကင်းသူ၊ မယား/တစ်ယောက်တည်း/ရှိသူ ဖြစ်ရမည်။ သူတို့/၏/သားသမီးများ/သည် သခင်ဘုရား/ကို ယုံကြည်ရမည်။ ပျော်ပါး/သောက်စားသူများ၊ မနာခံသူများ/ဟူသော စွပ်စွဲခံရခြင်း/နှင့် ကင်းရမည်။ 7 သင်းအုပ်/သည် ဘုရားသခင်/၏ အမှုတော်/တွင် စီမံခန့်ခွဲသူ/ဖြစ်၏။ ထို့ကြောင့် သူ/သည် အပြစ်ကင်းသူ/ဖြစ်ရမည်။ သူ/သည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စား/မူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်း/ဖြင့် ငွေရှာသူ မဖြစ်ရ။ 8 သူ/သည် ဧည့်ဝတ်ကျေသူ၊ ကောင်းမှု/ကို မြတ်နိုးသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ ဖြောင့်မတ်သူ၊ သန့်ရှင်းသူ၊ ဣန္ဒြေစောင့်သူ ဖြစ်ရမည်။ 9 သူ/သည် မိမိ/လက်ခံထားသည့် စစ်မှန်သော/တရားတော်/ကို မြဲမြံ/စွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူ/သည် အခြား/သူများ/ကို မှန်ကန်သော/သွန်သင်မှု/ဖြင့် အားပေး/နိုင်ပြီး ဆန့်ကျင်သူတို့/၏ အမှားများ/ကိုလည်း ချေပနိုင်မည်/ဖြစ်၏။
10 အဘယ်ကြောင့်ဆိုသော် မနာခံသူ၊ အကျိုးမဲ့သော/စကားများ/ပြောဆိုသူ၊ လှည့်ဖြားသူ များစွာ ရှိကြ/သောကြောင့်/ဖြစ်၏။ အထူး/သဖြင့် အရေပြားလှီးခြင်း/မင်္ဂလာ/ခံယူခြင်း/ကို တိုက်တွန်းသူများ/ထဲတွင် ရှိကြ၏။ 11 ထို/သူတို့/ကို နှုတ်ဆိတ်/စေရမည်။ သူတို့/သည် မသမာနည်း/ဖြင့် ငွေရှာ/လို/သောကြောင့် မသွန်သင်/သင့်သော အရာများ/ကို သွန်သင်/လျက် အချို့/မိသားစုများ/၏ ယုံကြည်ခြင်း/ကို ပျက်စီးစေကြ၏။ 12 ကရေတေ/ကျွန်းသား ပရောဖက်/တစ်ဦး/ကပင် “ကရေတေ/ကျွန်းသား၊ စဉ်မြဲ/လှည့်စား၊ သားရဲ/ဆိုးယုတ်၊ စားကြူးတုတ်လေ လူပျင်းပေ” ဟူ၍ ဆိုခဲ့၏။ 13 ဤ/ဆိုရိုးစကား/သည် မှန်ပေ၏။ ထို့ကြောင့် မှန်ကန်သော/သွန်သင်မှု/ကို ခိုင်မာ/စွာ ယုံကြည်/စေရန် သူတို့/အား ပြင်းပြင်းထန်ထန် ဆုံးမ/ရမည်။ 14 သမ္မာတရား/ကို ဆန့်ကျင်သူတို့/၏ ပညတ်ချက်များ/နှင့် ဂျူး/လူမျိုးတို့/၏ ဒဏ္ဍာရီများ/ကို သူတို့/သည် ဂရုမစိုက်ဘဲ နေရမည်။ 15 နှလုံးသား/ဖြူစင်သူတို့/အတွက် အရာ/အားလုံး/သည် စင်ကြယ်၏။ သို့သော် ညစ်ညူး/၍ ခရစ်တော်/ကို မယုံကြည်သူတို့/အတွက် မည်သည့်/အရာမျှ မစင်ကြယ်။ သူတို့/၏ အတွေးအခေါ်/နှင့် အသိစိတ်တို့/သည် ညစ်ညူး၏။ 16 သူတို့/သည် ဘုရားသခင်/ကို သိသည်/ဟု ဝန်ခံ/သော်လည်း သူတို့/၏ အပြုအမူ/ဖြင့် ကိုယ်တော်/ကို ငြင်းပယ်ကြ၏။ သူတို့/သည် စက်ဆုပ်/ရွံရှာဖွယ်/ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်/ကောင်းမှု/ကိုမျှ ပြုနိုင်စွမ်း/မရှိသောသူများ ဖြစ်ကြ၏။